အရိုးကင်ဆာ(Bone cancer)
13-Aug-2018
အကျဉ်းရှင်းလင်းချက်
အရိုးကင်ဆာသည် ခန္ဓာကိုယ်၏ မည်သည့် အရိုးတွင် မဆိုဖြစ်နိုင်သည်။ေြ ခထောက်နှင့်လက်များတွင်ရှိသော အရိုးများတွင် အဖြစ်များသည်။ အရိုးကင်ဆာအမျိုးမျိုးရှိပါသည်။အရွယ်မရွေးဖြစ်နိုင်ပါသည်။အခြားနေရာတွင် ကင်ဆာစဖြစ်ပြီး အရိုးသို့ ပျံ့နှံ့လာခြင်းကို အရိုးကင်ဆာဟု မခေါ်နိုင်ပါ။
လက္ခဏာများ
၁။အရိုးများနာကျင်ခြင်း
၂။ကင်ဆာဖြစ်သည့် အရိုးနေရာတွင် အလုံးအဖုစမ်းမိခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း
၃။အရိုးကျိုးလွယ်ခြင်း
၄။နှုံးချိနေခြင်း
၅။အကြောင်းရင်းမသိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားရသောအကြောင်းရင်းကို အတိအကျ မသိသေးပေ။ သို့သော် မျိုးရိုးဗီဇဆဲလ်များ ပုံမမှန်မှုကြောင့် အများဆုံးဖြစ်နိုင်သည်။ ပုံမမှန်ဆဲလ်များသည် သေဆုံးပျက်စီးသွားခြင်းမရှိဘဲ ပွားများလာသည်။ ပွားများလာသောဆဲလ်များစုပေါင်း၍ အလုံးအကျိတ်များဖြစ်ပေါ်လာသည်။ကင်ဆာဆဲလ်များသည် အနီးအနားရှိအဂါၤများနှင့် အခြားကိုယ်ခန္ဓာအနှံ့အပြားကို ပျံ့နှံ့နိုင်ပါသည်။
အရိုးကင်ဆာအမျိုုးအစားများ
၁။အရိုးဆဲလ်များမှ ဖြစ်လာသောကင်ဆာ
ကလေးများတွင် အဖြစ်များသည်။ကိုယ်ခန္ဓာရှိ လက်မောင်းနှင့် ခြေထောက်အရိုးများတွင် အဖြစ်များသည်။
၂။အရိုးနုဆဲလ်များမှ ဖြစ်လာသောကင်ဆာ
သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများတွင် ပို၍ အဖြစ်များသည်။ကိုယ်ခန္ဓာရှိ ဆီးခုံရိုး၊ ခြေထောက်နှင့် လက်မောင်းရိုးများတွင် အဖြစ်များသည်။
၃။Ewing's sarcoma-အရိုး သို့မဟုတ် အရိုးဘေးရှိ ကြွက်သား၊အရိုးနု သို့မဟုတ် အာရုံကြောများမှ ဖြစ်လာသော ကင်ဆာ
အသက် ၁၀-၂၀ကြားတွင် အဖြစ်များသည်။ကုသ၍ ပျောက်ကင်းမှုနှုန်းမြင့်မားသည်။
ဖြစ်နိုင်ချေများသူများ
၁။မျိုးရိုးလိုက်တတ်သည်။
၂။ Paget's bone disease- အရိုးသစ်များ ပုံမှန်ထက်ပို၍ ဖွံ့ြဖိုးနေသောရောဂါ ၊ အဆိုပါရောဂါရှိလျှင် နောင်တစ်ချိန်တွင် အရိုးကင်ဆာဖြစ်ပွားနိုင်မှု အခွင့်အလမ်းပိုများသည်။
၃။အခြားကင်ဆာရောဂါများအတွက် ဓာတ်ကင်ရခြင်းကြောင့်လည်း နောင်တစ်ချိန်တွင် အရိုးကင်ဆာဖြစ်ပွားနိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
၁။အရိုးကျိုးလွယ်ခြင်း။အရိုးပုံသဏ္ဍာန်ပျက်ခြင်း
၂။အရိုးအဆစ်များရောင်ခြင်း
၃။ကင်ဆာဆဲလ်များ အခြားကိုယ်အဂါၤ အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း
အရိုးကင်ဆာကို အဆင့်လေးဆင့်ခွဲခြားသတ်မှတ်နိုင်သည်။
အဆင့်၁။ ။ကင်ဆာသည် အရိုး၏ တစ်နေရာထဲတွင်သာရှိသည်။ကင်ဆာဆဲလ်များသည် အခြားနေရာများသို့ပျံ့နှံ့မှု မရှိသေးပေ။
အဆင့်၂။ ။ကင်ဆာဆဲလ်များသည် အရိုး၏အခြားနေရာများသို့ မပျံ့သေးသော်လည်း အဆင့်၂ရှိ ဆဲလ်များမှာ ပို၍ဆိုးရွားများပြားလာသည်။
အဆင့်၃။ ။အရိုး၏တစ်နေရာထဲတွင် မဟုတ်တော့ဘဲ အခြားနေရာများသို့ပါ ပျံ့နှံ့သွားသည်။
အဆင့်၄။ ။ကင်ဆာဆဲလ်များသည် အရိုးတွင်သာ မကဘဲ ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းများသို့ပါ ပျံ့နှံ့သွားပြီဖြစ်သည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
၁။အကြောင်းရင်းရှာမရဘဲ အရိုးအဆစ်များနာကျင်နေခြင်း
၂။အရိုးများပုံသဏ္ဍန်မမှန်တော့ခြင်း
၃။ထုံကျင်ခြင်းနှင့်အားအင်ချိနဲ့ခြင်းများခံစားနေရလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
စစ်ဆေးမှုများ
၁။Bone scan =သွေးပြန်ကြောထဲသို့ ရေဒီယိုသတ္တိကြွ ပစ္စည်းအနည်းငယ်ထိုး၍ အရိုးကို အသေးစိတ်စစ်ဆေးခြင်း
၂။CT=ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
၃။MRI=သံလိုက်ဓာတ်မှန်ရိုက်ခြင်း
၄။PET=ရေဒီယို သတ္တိကြွပစ္စည်းအနည်းငယ်ကို ဖြစ်သည့်နေရာပေါ်မူတည်ပြီး အကြောထဲထိုးသွင်းခြင်း သို့မဟုတ် မြိုချခြင်း သို့မဟုတ် ရှူသွင်းခြင်းတို့ဖြင့် ကင်ဆာဆဲလ်များ၏ တည်နေရာနှင့် ပျံံ့နှံ့မှုကို အရောင်များဖြင့် ပုံဖော်ရိုက်ကူးခြင်း
၅။အသားစယူစစ်ဆေးခြင်း
ကုသခြင်း
၁။ခွဲစိတ်ကုသခြင်း
၂။ကင်ဆာဆေးဝါးများဖြင့်ကုသခြင်း
၃။ဓာတ်ကင်ခြင်း
Translated by:Dr Khin Jyujyu Ko
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
